အဖေ့အကြောင်း တစ်ပိုင်းတစ်စ

သားသမီးတွေပါးစပ်က ၊ တစ်ဖွဖွ ခေါ်ကာချွဲ အချစ်ခံ မေတ္တာတွေနဲ့  ၊ဝေးခဲ့ရဖူးတဲ့ အဖေ......။
ရင်ထဲက အချစ်ကို အပြင်မထုတ်ပေမဲ့ ၊ သားသမီးတွေကို အသဲနင့်အောင်
ချစ်တတ်တဲ့ အဖေ......။

အဖေ့ရဲ့  မျက်နှာပြင်မှာ ၊အပြုံးဆိုတာ ရှိချင်မှ ရှိလိမ့်မယ်။
အဖေ့ရဲ့  စကားလုံးတွေက ၊နူးညံ့ချင်မှ နူးညံ့လိမ့်မယ်။
အဖေရဲ့  လက်တွေဟာ ၊လောကဓံကြောင့် ၊ ကြမ်းတမ်းချင်ကြမ်းတမ်းလိမ့်မယ်
အဖေ့ရဲ့ ရင်ထဲမှာတော့ ၊ နူးညံ့တဲ့ ချစ်ခြင်းတွေ အပြည့်ရှိတယ်...။

အဖေရဲ့  သားသမီးတွေအပေါ်၊ချစ်တတ်တဲ့ ချစ်ခြင်း၊
မာယာတွေမပါလို့ ၊ ဟန်ဆောင်မလိမ်ညာခဲ့ဘူး။
အဖေ့ကိုယ်တိုင်မှာ၊ အမှားပေါင်းများစွာ ရှိနိုင်ပေမဲ့
သားသမီးတွေအတွက် ၊ဆရာကောင်းဖြစ်အောင် ၊လမ်းမှန်ကို ညွှန်ပြပေးတတ်တယ်...။

စား၊ဝတ်၊နေ၊ရေး ဆိုတဲ့၊စကားလုံးတွေအတိုင်း
သမုဒ္ဒရာ ဝမ်းတစ်ထွာကို
ဖြည့်ဆည်းပေးလို့ 
ခါးတစ်ဝတ်လှရန် ရှာကြံကာပေး
အိမ်တစ်ဆောင် မီးတစ်ပြောင် ထိန်လင်းဖို့ ရန်
အဖေ့ရဲ့  ကျောပြင်နေလောင် ရှုံ့ တွ
ကုန်းရုန်းကာလေ အလုပ်အကျွေးဆပ်ခဲ့တဲ့ အဖေ....။

ပြောစရာ စကားလုံးလှ ရှာမတတ်လို့ 
ရင်ထဲက ထွက်ကျလာတော့မည့် ၊ခံစားချက် တစ်စိတ်တစ်ဖဲ့တွေကြောင့်
ကွမ်းယာကို ပါးစောင်းငုံ ၊ကွမ်းသီးကို ဖိကြိတ်ကာဝါးရင်း
ဝေဒနာကို ဖြေသိမ့်တတ်တဲ့ အဖေ.....။

အဖေ............................

သမီးဟာ ...အဖေကိုယ်တိုင်ထွင်းထုခဲ့တဲ့ ၊ အဖေ့ရဲ့  ကျောက်ဆစ်ပန်းပုရုပ်ပါ....။
အဖေ ဆေးချယ်ခဲ့တဲ့ ၊အဖေ့ရဲ့  ပန်းချီကားတစ်ချပ်ပါ.....

သမီး...အဖေ့ရဲ့  ဝေဒနာတွေကိုမြင်တယ်.....။
အဖေရဲ့  ခံစားချက်တွေကို သိရှိတယ်......။
အဖေ့ ဂရုဏာ အလင်းတွေခိုလှုံ ရရှိခဲ့တယ်.....။
အဖေ့ရဲ့  ချစ်ခြင်းတွေနဲ့  စွမ်းအားတွေ ပြည့်ခဲ့တယ်....။
ဆပ်လို့  မကုန်နိုင်တဲ့ ကျေးဇူးတရား
သမီးမှာ အကြွေးတင်နေသေးတယ်ဖေဖေ..........။

အဖေများနေ့  ဆိုတဲ့ နေ့ လေးတစ်ရက်မှ မဟုတ်ပါဘူး
နေဝင်ရီတရော ၊မီးစာကုန် ရေခမ်းတော့မည့်
ဘဝတစ်စိတ်တစ်ပိုင်း နေ့ ရက်တိုင်းမှာ
အဖေ့ရဲ့  စိတ်နှလုံး၊ ပျော်ရွှင်ပြုံးအောင်
သမီး ပြုစုစောက်ရှောက်ပါ့မယ် ဖေဖေ....။
လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ 
နေ့ စဉ်ဦးညွှတ် ၊ရိုသေပေးလို့  ရှောက်စောင့်မယ်လေ....။
ဆံဖြူသွားကျိုး ခါးကိုင်းတာထားလို့ 
နေ့ ညမပြတ် ၊ဝတ်ကြီး ဝတ်ငယ်  မချန်ပါပဲ
ပြုစုပါ့မယ် ချစ်ဖေဖေ...........။

♥♫✿*•♫♥မေသဇင် ♥♫✿*•♫♥

2 comments:



  1. ဒီနေ့ က အဖေများနေ့ ပါ....

    လူသားတိုင်းရဲ့  ဘဝမှာ အဖေဆိုတာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ..

    "စားဝတ်နေရေး ငွေရှာပေး..ကျေးဇူးကြီးပေ တို့ ဖေဖေ " လို့  ငယ်ငယ်တုန်းက ဆိုခဲ့ဖူးကြမှာပါ..

    အစားထိုးမရတဲ့  အနှိုင်းမဲ့  မေတ္တာရှင် ဖေဖေ့အတွက်..

    အားလုံး ဖခင်ကျေးဇူးကို အောက်မေ့သတိရပြီးကျေးဇူးဆပ်နိုင်တဲ့ သားသမီးအလိမ္မာလေးတွေ ဖြစ်ကြပါစေ...

    ကမ္ဘာပေါ်မှာရှိတဲ့  မိသားစုတိုင်းအဆင်ပြေ သာယာပြီး ပျော်ရွှင်နိုင်ကြပါစေ...

    ReplyDelete
  2. မေတ္တာရှင်..ကျေးဇူးတော်ရှင်..ပဲ့ကိုင်ရှင်...ဘုရားနဲ့တစ်ဂိုဏ်းတည်းမြတ်ပါတဲ့
    ကျေးဇူးရှင် အဖေရဲ့...ကျေးဇူးတရားတွေကို အမြဲတမ်းအောင့်မေ့သတိရလျက်.....
    လေးစားရပါတဲ့..အဖေ..ကျန်းမာပါစေ..ချမ်းသာပါစေ..အဖေ....

    ReplyDelete

Matthew 6:25-34 25 “Therefore I tell you, do not worry about your life, what you will eat or drink; or about your body, what you will wear. Is not life more important than food, and the body more important than clothes?